11
Jan

မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင် ဦးဆောင်သော အဖွဲ့သည် ၁၁-၁-၂၀၁၇ ရက်နေ့မှ ၁၃-၁-၂၀၁၇ ရက်နေ့အထိ မော်လမြိုင်မြို့၊ အ.ထ.က ၊ အ.လ.က(၆)၊ အ.လ.က(၉)၊ အ.လ.က(၁)၊ အ.လ.က(၄)၊ အ.လ.က(၅) နှင့် အ.လ.က(၁၃) တို့၌  ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၂၄၀၅) ဦးကို  အသိပညာပေးဟောပြောခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဦးစီးအရာရှိ ဦးမင်းသိန်းထွန်းမှ ကြွပ်ကြွပ်အိတ်အကြောင်း သိကောင်းစရာ၊ ဒုတိယဦးစီးမှူး ဒေါ်တင်နွဲ့ရီမှ ရေနှင့်ပတ်သက်သော ခြိုးခြံဆောင်ရွက်သင့်မှု၊ လက်ထောက်ဦးစီးမှူး ဦးသက်နိုင်မှ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ခရမ်းလွန်ရောင်ခြည် စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ပြီး အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာဗွီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း  သတင်းရရှိပါသည်။