07
Feb

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၂)သင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၂) သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၇-၂-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း (၉၅) ဦးတက်ရောက်ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး မှ သင်တန်းဖွင့်အမှာစကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နံနက် (၉:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။