28
Dec

ကချင်ပြည်နယ်၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများအတွင်း အသိပညာ တိုးပွားစေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်းအမှတ်စဉ် (၁/၂၀၁၅) ကို ၂၈-၁၂-၂၀၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားအား ၁၅-၁-၂၀၁၆ ရက်နေ့ ညနေ (၁၅:၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးအောင်နိုင်မှ သင်တန်းဆင်း အမှာစကားပြောကြား၍ အကောင်းဆုံးစာတမ်းပြုစုသောအဖွဲ့အား ဆုလက်ဆောင်များပေးအပ်ခြင်း၊ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါကြောင်းနှင့် အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်းများ၊ သင်တန်းသား/သူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ ”