18
May

ကချင်ပြည်နယ်၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ် လျက်ရှိရာ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး ဦးဆောင်သောအဖွဲ့သည် ၄.၁၂.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် အ.ထ.က (နန့်ပေါင်)နှင့် ညနေပိုင်းတွင် အ.ထ.က(၄)တို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးမှ သစ်ပင် တစ်ပင်၏ကျေးဇူး၊ ဒုတိယဦးစီးမှူး ဦးနိုင်လင်းထိုက်မှ လူငယ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်၊ ဒုတိယဦးစီးမှူး ဦးပိုင်စိုးသူမှ မြန်မာ့ရေအရင်းအမြစ်များ စသည့်ခေါင်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ အင်အား(၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း” သတင်းရရှိပါသည်။