29
Dec

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကြိုဆိုပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနား ကျင်းပခြင်း

မကြာမီကျရောက်မည့် ၂၀၂၄ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကြိုဆိုပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရုံးအမှတ်(၅၈)၌ ၂၉-၁၂-၂၀၂၃ ရက်နေ့ ညနေ (၅)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် အပါအဝင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း ( ၃၈၆ )ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်အရ နေ့လည်ပိုင်းတွင် ဗလာမပါ ကံစမ်းမဲဖောက် ပေးခြင်း၊ ညနေပိုင်းတွင် အစားအသောက်ဖြင့် တည်ခင်းဧည့်ခံခြင်းများ ပြုလုပ်ပေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဝန်ထမ်း မိသားစုများ ပျော်ရွှင်စွာဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြပါသည်။