12
Nov

ရန်ကုန်တိုင်းဒေသကြီး အသိပညာပေးဟောပြောပွဲ

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထက်တေဇာမောင် ဦးဆောင်သောအဖွဲ့ သည် ၁၂.၁၁.၂၀၁၅ ရက်နေ့၌ တာမွေမြို့နယ်၊ အ.ထ.က(၂) တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၅၃၆) ဦးကိုလည်းကောင်း၊ ၁၃-၁၁-၂၀၁၅ ရက်နေ့၌ တာမွေမြို့နယ်၊ အ.ထ.က(၃) တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၀၃) ဦးကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထက်တေဇာမောင်၊ ဒုတိယဦးစီးမှူး ဒေါ်သက်ဝေနှင်းနှင့် လက်ထောက်ဦးစီးမှူး ဒေါ်ဝင့်ဝါချိုတင် တို့မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအခြေခံအကြောင်းအရာများ၊ စနစ်တကျအမှိုက်စွန့်ပစ်ရေးနှင့် ကြွပ်ကြွပ်အိတ် အကြောင်း၊ ခရမ်းလွန်ရောင်ခြည်နှင့် အိုဇုန်းလွှာကာကွယ်ရေးအကြောင်းအရာများ စသည့်ခေါင်းစဉ် များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ” သတင်းရရှိပါသည်။