16
Sep

ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

“၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား အား (၁၆-၉-၂၀၁၆) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဥက္ကဌနှင့်အသင်းဝင်များ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ကင်းထောက် လူငယ်မောင်မယ်များ၊ “အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် စုစုပေါင်းလူဦးရေ (၄၀၀) ခန့် တက်ရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်မင်းစံက အဖွင့်မိန့်ခွန်း မြွက်ကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအောင်မှ အိုဇုန်းလွှာနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် ၂၀၁၆ ခုနှစ် “အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်း အမှတ် ဗွီဒီယို ပြသခဲ့ပါသည်။ ဆက်လက်၍ “အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော အခြေခံပညာအထက်တန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား/သူများအား လွှတ်တော်ဥက္ကဌနှင့် တရားသူကြီးချုပ်တို့မှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် လွှတ်တော်ဥက္ကဌနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ “အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပညာပေးပြခန်းအား လှည့်လည်ကြည့်ရှူကာ  အခမ်းအနားကို (၁၁:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းပြီးစီးခဲ့ကြောင်းသတင်းရရှိပါသည်။”