06
May

တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှု ပင်မလုပ်ငန်းအစီအစဉ် ရေးဆွဲရေး ဗဟုသုတ ဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှု ပင်မလုပ်ငန်းအစီအစဉ် ရေးဆွဲရေး ဗဟုသုတ ဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်ရေးဆွဲရေး ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ကော့သောင်းခရိုင်) အား (၁၃-၅-၂၀၁၉) ရက်နေ့မှ (၁၄-၅-၂၀၁၉) ရက်နေ့အထိ ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ကော့သောင်းမြို့၊ မဉ္ဇူသက္ခခန်းမတွင် နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးထွန်းထွန်းဦးမှ  အဖွင့်အမှာစကား ပြောကြားခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းမှ မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲ ကဏ္ဍနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနမှလည်းကောင်း၊ မြေအသုံးချမှုနှင့် မြေနေရာ သတ်မှတ်ခြင်းဆိုင်ရာ စီမံချက်များ ရေးဆွဲခြင်းကဏ္ဍနှင့် ပတ်သက်၍ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှလည်းကောင်း၊ အဏ္ဏဝါနှင့် ကမ်းရိုးတန်း ဂေဟစနစ်များ ကဏ္ဍနှင့်ပတ်သက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ လည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာကဏ္ဍနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ဝှမ်းဒေသ များ သန့်ရှင်းကောင်းမွန်စွာ လည်ပတ်ရေးကဏ္ဍနှင့်ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လည်းကောင်း၊ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှလည်းကောင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ စည်ပင် သာယာရေးအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှလည်းကောင်း၊ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်ကဏ္ဍနှင့် ပတ်သက်၍  ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှလည်းကောင်း မိမိဌာနနှင့် သက်ဆိုင် သည့် မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသူများကို မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးထွန်ထွန်းဦးမှ (၂)ရက်စာ အလုပ်ရုံဆွေးနွေးပွဲရလဒ်များအား ပြန်လည်အနှစ်ချုပ်တင်ပြခြင်းနှင့် ကျေးဇူးတင်စကားပြောကြား၍ လူဦးရေ(၇၃)ဦးခန့် တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၅:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။