14
Feb

QGIS အသုံးပြုနည်းသင်တန်း ကျင်းပခြင်း

ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် ကရင်ပြည်နယ် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ QGIS သင်တန်းကို ကရင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် (၁၅-၁၂-၂၀၂၃) ရက်နေ့မှ (၃၁-၁-၂၀၂၄) ရက်နေ့အထိ ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား/သူ (၁၁)ဦး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ (၂)ဦး၊ စုစုပေါင်း သင်တန်းသား/သူ စုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ QGIS သင်တန်းတွင် သင်တန်းအချက်အလက်များ ရယူစုဆောင်းနိုင်‌ရေးနည်းလမ်း၊ ရေအရည်အသွေး၊ လေ အရည်အသွေးတိုင်းတာသော Coordinate Point များ တိကျမှန်ကန်စွာတိုင်းတာနည်း၊ အသိပညာ ပြန့်ပွား‌ရေးနှင့် ပထဝီဝင်ဆိုင်ရာပညာရပ်များအား ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အသိပညာမျှဝေခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ သဘောထားမှတ်ချက်များပေးခြင်း၊ EMP/IEE/EIA အစီရင်ခံစာများ စိစစ်ခြင်း စသည့် ဘာသာရပ်ကို သင်ကြားပို့ချခဲ့ပါသည်။