21
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် (၁၄:၀၀) နာရီအချိန်တွင် စက်မှုစီမံကိန်းများ၊ မြို့ပြနှင့်ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်း စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြို့တော်စည်ပင်သာယာရေးကော်မတီများ၊ တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ၊ NGOs၊ CSO များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။