14
Dec

ရန်ကုန်တိုင်းဒေသကြီး အသိပညာပေးဟောပြောပွဲ

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထက်တေဇာမောင် ဦးဆောင်သောအဖွဲ့သည် ၁၄.၁၂.၂၀၁၅ ရက်နေ့၌ တာမွေမြို့နယ်၊ အ.လ.က(၂) တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၂၀၆) ဦးကိုလည်းကောင်း၊ တာမွေမြို့နယ်၊ အ.လ.က(၁၁) တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၇၆) ဦးကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထက်တေဇာမောင်၊ ဒုတိယဦးစီးမှူး ဒေါ်သက်ဝေနှင်း၊ ဒုတိယဦးစီးမှူး ဦးဉာဏ်လင်းအောင်၊ လက်ထောက်ဦးစီးမှူး ဒေါ်ဝင့်ဝါချိုတင် တို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေခံအကြောင်းအရာများ၊ စနစ်တကျ အမှိုက်စွန့်ပစ်ရေးနှင့် ကြွပ်ကြွပ်အိတ်အကြောင်း၊ ခရမ်းလွန်ရောင်ခြည်နှင့် အိုဇုန်းလွှာကာကွယ်ရေးအကြောင်းအရာများ၊ သဘာဝပတ်ဝန်းကျင်နှင့်ကြွပ်ကြွပ်အိတ်၊ ရေသယံဇာတနှင့် ရေထုညစ်ညမ်းမှု အကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းအကြောင်းအရာ စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ ကြောင်း ” သတင်းရရှိပါသည်။