24
Jun

ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အတွက် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဖြစ်ပေါ်လာပုံနှင့် သိမှတ်ဖွယ်ရာများ

ယနေ့အချိန်တွင် နည်းပညာများ ဖွံ့ဖြိုးလာသည်နှင့်အမျှ နေ့စဉ်လူနေမှုစနစ်များတွင် ရေခဲသေတ္တာ၊ လေအေးပေးစက်စသည့် အအေးပေးပစ္စည်းများအပေါ် တည်မှီမှု ပိုမိုများပြား လျက်ရှိပါသည်။ သို့သော် ၎င်းတို့တွင်အသုံးပြုနေသော CFCs, HCFCs, HFCs စသည့် အအေးပေး ပစ္စည်းများမှာ အိုဇုန်း လွှာပျက်စီးမှု၊ ကမ္ဘာကြီးပူနွေးမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု တို့ကို ဖြစ်စေပါသည်။

လွန်ခဲ့သောနှစ် ၃၀ ခန့်မှစ၍ လက်ရှိအသုံးပြုနေသော အအေးပေးပစ္စည်းများထက်ပိုမို ကောင်းမွန်၍ ဘေးကင်းသောအအေးပေးပစ္စည်းများကို ပိုမိုအာရုံစိုက်လာကြပြီး လူသားတို့၏ ဘဝ အတွက်ပိုမိုကောင်းမွန်သည့် အိုဇုန်းလွှာပျက်စီးမှုနှင့် ကမ္ဘာပူနွေးမှုညွှန်းကိန်းလျှော့နည်း သည့် အအေး ပေးဒြပ်ပစ္စည်းများကို သုတေသနပြုရှာဖွေလာကြပါသည်။ တစ်ဖက်တွင်လည်း အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုများဖြင့် အိုဇုန်းလွှာပျက်စီးမှုကိုဖြစ်စေနိုင်သော အအေးပေး ပစ္စည်းများ အသုံးပြုမှုကို လျှော့ချရပ်ဆိုင်းနိုင်ရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့များ သတ်မှတ်၍ ပြည်သူလူထုအသိပညာပေးအစီအစဉ်များဖြင့် လှုံ့ဆော် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ အထိမ်းအမှတ်နေ့များအနက် (World Refrigeration Day – WRD) သည် ကမ္ဘာ တစ်ဝှမ်းလုံး အ​အေးပေးပစ္စည်းလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များကို စတင်​စေခဲ့သူ Mr. Lord Kelvin အား အသိအမှတ်ပြုခြင်းအားဖြင့် ၎င်း၏မွေး​နေ့ဖြစ်သည့် ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့အ​အေးပေး ပစ္စည်းများ​နေ့ အဖြစ်သတ်မှတ်၍ ကျင်းပရခြင်းဖြစ်ပါသည်။

ယခုနှစ် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့ (World Refrigeration Day- WRD) တွင် “COLD CHAIN 4 LIFE” (နေ့စဉ် ဘဝမြင့်မားဖို့ အအေးပေးပစ္စည်းများကို အကျိုးရှိစွာသုံးကြစို့) ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ပါသည်။