21
Sep

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် (၀၉:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံ၏အခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (INDC) ဆိုင်ရာ စွမ်းအင်ကဏ္ဍအကောင်အထည်ဖော်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တို့မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျင်းပပြုလုပ်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား ညနေ (၁၆:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။