06
Jun

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၁ (ဂ)၊ ၇၀(ခ)၊ ၈၀ (ဂ) အရ ဝန်ကြီးဌာနသည် အဆိုပြုစီမံကိန်းများမှ တင်ပြလာသည့် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာများအပေါ် အတည်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းဆုံးဖြတ်ချက်ကို အများပြည်သူသိရှိရန်ကြေငြာရမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများမှတစ်ဆင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တင်ပြလာသည့် အောက်ဖော်ပြပါစီမံကိန်း(၂၅) ခု၏ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ(၂၅) စောင်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ခွင့်ပြုချက်ဖြင့် အတည်ပြုပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ်ထုတ်ပေးကြောင်းကို အများပြည်သူသိရှိရန် ကြေငြာလိုက်သည်။ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အယူခံဝင်လိုပါက ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၇၀(က)အရ ရက်ပေါင်း(၃၀)အတွင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အယူခံဝင်နိုင်ကြောင်း အသိပေးကြေငြာလိုက်သည်။

၁။Myanmar DYC Co.,Ltd. ဖိနပ်ချုပ်လုပ်ခြင်းလုပ်ငန်း(ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်)

ECC 112

၂။Shuangi Myanmar Garment CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်း (ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်)

Ecc 129

၃။Weixin (Myanmar) Bags Co.,Ltd CMP စနစ်ဖြင့် အိတ်အမျိူးမျိုးချုပ်လုပ်ခြင်း (ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်)

ECC 111

၄။woorie MJ Shirts Co.Ltd အထည်ချုပ်စက်ရုံလုပ်ငန်း (ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်)

ECC 127

၅။Karisma Apparel ( Myanmar ) Co.,ltd. အထည်ချုပ်စက်ရုံ (ပဲခူးတိုင်း၊ ပဲခူးမြို့နယ်)

ECC 128

၆။ TI Garment Co.,Ltd  CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်

ECC 113

၇။ Myanmar Agro Eagle company Limited အော်ဂဲနစ်ကွန်ပေါင်း ဓာတ်မြေဩဇာအမျိုးမျိုး
ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်

ECC 131

၈။ Mahar Hpa An Production Co.,Ltd. အထည်ချုပ်လုပ်ခြင်းလုပ်ငန်း (ကရင်ပြည်နယ်၊ ဘားအံမြို့နယ်)

ECC 114

၉။ Bago Sport Globes Co.Ltd ဖိနပ်ချုပ်လုပ်ခြင်းလုပ်ငန်း (ပဲခူးတိုင်း၊ ပဲခူးမြို့နယ်)

ECC 130

၁၀။ ABM Co., Ltd. ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း(မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်)

ECC 121

၁၁။ Mottama Logistics Hub Co.,Ltd. ဆိပ်ခံတံတားတည်ဆောက်ခြင်းလုပ်ငန်း (ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်)

ECC 119

၁၂။ Sanctum Inle Resort Co.,Ltd. ဟိုတယ်နှင့် ခရီးသွားဖွံ့ဖြိုးရေးလုပ်ငန်း (ရှမ်းပြည်နယ် (တောင်)၊ ညောင်ရွှေမြို့နယ်)

ECC 117

၁၃။ Yangon City Water ရေပေးဝေရေးလုပ်ငန်း (ရန်ကုန်တိုင်း)

ECC 118

၁၄။ ဦးအောင်မိုးကျော် Golden River Hotel (မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်)

ECC 126

၁၅။ KT Servic and Logistics ကုမ္ပဏီလီမိတက် TMT Ports ဆိပ်ကမ်းလည်ပတ်ခြင်းလုပ်ငန်း (ရန်ကုန်တိုင်း၊ ဆိပ်ကမ်းသာမြို့နယ်)

ECC 107

၁၆။ Pun Hlaing Lodge Hotel Management Limited. (Pun Hlaing Lodge Hotel ဟိုတယ်တည်ဆောက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်

ECC 120

၁၇။ Zayar Min Htet Co.Ltd Victoria Palace Hotel (မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်)

Ecc 122

၁၈။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ဘူးသီးတောင်-မောင်းတော အဝေးပြေးလမ်းမတလျှောက် တံတား(22) စင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း (ရခိုင်ပြည်နယ်)

ECC 110

၁၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးလုပ်ငန်း (ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်)

ECC 108

၂၀။ MC-JALUX Airport Constiuction Development လေဆိပ်အဆင့်မြှင့်တင်ခြင်း (မန္တလေးတိုင်း၊ တံတားဦးမြို့နယ်)

ECC 123

၂၁။ Amata International Co., Ltd ဟိုတယ်လုပ်ငန်း (ရှမ်းပြည်နယ် (တောင်)၊ ညောင်ရွှေမြို့နယ်)

ECC 124

၂၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးလုပ်ငန်း (ရခိုင်ပြည်နယ်)

ECC 109

၂၃။ United International Group Ltd ဟိုတယ်နှင့် ခရီးသွားဖွံ့ဖြိုးရေးလုပ်ငန်း (မန္တလေးတိုင်း၊ ပုဂံမြို့သစ်)

ECC 125

၂၄။ Green Power Energy Co.,Ltd. နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ (မန္တလေးတိုင်း၊ မြစ်သားမြို့နယ်)

ECC 115

၂၅။ Clean Power Energy Co.,Ltd. 30 MW Solar Power Plant (မန္တလေးတိုင်း၊ သာစည်မြို့နယ်)

ECC 116