23
Jan

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ၂၃-၁-၂၀၁၇ ရက်နေ့ (၁၃:၀၀) နာရီမှ (၁၆:၀၀) နာရီအချိန်အထိ သက်ဆိုင်ရာဌာနအလိုက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ထိန်းချုပ်ရေးနှင့် မြန်မာနိုင်ငံ၏ မီးလောင်ကျွမ်းမှုအရေအတွက် Hotspots အား ၂၀၁၇ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်များတွင် သတ်မှတ်ထားသည့် အရေအတွက်ထက် မကျော်လွန်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဘာသာရပ် ဆိုင်ရာပုဂ္ဂိုလ်များနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။