16
Jan

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထု အကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာဝင်း ဦးဆောင်သောအဖွဲ့သည်  ၁၆-၁-၂၀၁၇ ရက်နေ့တွင် ဘားအံမြို့၊ ခရားအတွင်းကျေးရွာ၊ အ.မ.က (၁) ၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၀၃) ဦး တက်ရောက်ခဲ့ကြပြီး ဦးစီးအရာရှိ ဦးကျော်စွာဝင်းမှ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ခြင်း၊ ဦးစီးအရာရှိ ဦးသက်လွင်ဦးမှ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။