10
Jan

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေ ရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၀-၁-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာမိုးနှင့် ဒုတိယဦးစီးမှူး ဦးအောင်ဖြိုးဝေတို့သည် ပန်းဘဲတန်းမြို့နယ်၊ အ.ထ.က(၁)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဦးစီးအရာရှိ ဒေါ်ဌေးနှင့် ဒုတိယဦးစီးမှူး ဦးအောင်ဖြိုးဝေတို့သည် ပန်းဘဲတန်းမြို့နယ်၊ အ.ထ.က(၂) ကျောင်း၌ လည်းကောင်း၊ ၁၁-၁-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူး ဦးရဲဆွေနှင့် ဒုတိယဦးစီးမှူး ဒေါ်မြတ်စုမွန် တို့သည် ဗဟန်းမြို့နယ်၊ အ.ထ.က(၃) ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဦးစီးအရာရှိ ဦးဇော်နိုင်ဝင်းနှင့် ဒုတိယဦးစီးမှူး ဦးဟိန်းသီဟဇော်တို့သည် ဗဟန်းမြို့နယ်၊ အ.လ.က(၂) ကျောင်း၌လည်းကောင်း၊ ၁၅-၁-၂၀၁၉ ရက်နေ့နှင့် ၁၆-၁-၂၀၁၉ ရက်နေ့တို့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနု၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်နှင့် ဒုတိယဦးစီးမှူး ဦးစိုးသူမင်းတို့သည် ဒလမြို့နယ်၊ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၄)နှင့် အ.လ.က(၃)ကျောင်းတို့၌လည်းကောင်း၊ ၁၇-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးဉာဏ်လင်းအောင်နှင့် ဦးစီးအရာရှိ ဒေါ်ရွှေရည်အောင်တို့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အ.ထ.က(၇) နှင့် အ.ထ.က(၁) ကျောင်းတို့၌လည်းကောင်း၊ ၁၈-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဒေါ်ဧကရီဖြူနှင့် ဦးစီးအရာရှိ ဒေါ်ပပမင်းတို့သည် မြောက်ဥက္ကလာပမြို့နယ်၊ အ.လ.က(၆)နှင့် အ.ထ.က(၅) ကျောင်းတို့၌လည်းကောင်း၊ ၂၈-၁-၂၀၁၉ ရက်နေ့နှင့် ၃၀-၁-၂၀၁၉ ရက်နေ့တို့တွင် ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာတင်သည် မင်္ဂလာဒုံမြို့နယ်၊ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းနှင့် ရန်ကင်းမြို့နယ်၊ ပြည်တော်အေးရိပ်သာလမ်းသွယ်၊ မြေတိုင်း ဦးစီးဌာနရုံးဝင်း၌လည်းကောင်း၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် အိုဇုန်းလွှာအကြောင်းသိကောင်းစရာများ၊ ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာများ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ စွန့်ပစ်ပစ္စည်းများအကြောင်းသိကောင်းစရာ၊ သဘာဝသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်းအကြောင်းသိကောင်းစရာများ၊ ပလတ်စတစ်ညစ်ညမ်းမှုနှင့် သဘာဝ ပတ်ဝန်းကျင်အကြောင်းသိကောင်းစရာ၊ မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒနှင့်မဟာဗျူဟာ” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ ဆွေးနွေးခဲ့ပြီး စုစုပေါင်း (၃၁၂၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”