19
Jan

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်တွင် “ရာသီဥတုပြောင်းလဲခြင်းနှင့် ကျွန်ုပ်တို့၏ လူနေမှုဘဝ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

၁၂-၁-၂၀၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဆက်မှ “ရာသီဥတုပြောင်းလဲခြင်းနှင့် ကျွန်ုပ်တို့၏ လူနေမှုဘဝ” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး သွားရောက်ဆောင်ရွက်ခဲ့ရာ မုံရွာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများ (၅၀)ဦး နှင့် ကျောင်းသား/ကျောင်းသူ (၃၀၀)ဦး၊ စုစုပေါင်း (၃၅၀)ဦး တက်ရောက် ခဲ့ပါသည်။