22
Jul

ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေး ဟောပြောပွဲ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦစီးဌာနမှ (၂၂-၇-၂၀၁၇) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် အေးသာယာမြို့၊ စက်မှုဇုန် အစည်းအဝေးခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပေဒေ၊ နည်းဥပဒေ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များရှင်းလင်းခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိန်မမနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးတို့မှ ဥပဒေ၊ နည်းဥပဒေ၊ လမ်းညွှန်ချက်များနှင့် ပြဌာန်းချက် အသေးစိတ်တို့အား ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စက်မှုဇုန်ကော်မတီ ဝင်များ၊ စက်မှုလုပ်ငန်းရှင်များ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။