08
Feb

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

 ဂျပန်နိုင်ငံ၊ HORIBA Co.,Ltd နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ ဆေးဆိုးလုပ်ငန်းများမှ ထွက်ရှိလာသော ရေထုညစ်ညမ်းမှုများအား သန့်စင်နိုင်ရေးအတွက် စီမံကိန်း ဒုတိယအဆင့်ဖြစ်သည့် ဒေသတွင်း စက်ကိရိယာများ တပ်ဆင်စမ်းသပ်ခြင်း စီမံကိန်းအရ အလုပ်ရုံဆွေးနွေးပွဲအား ၈-၂-၂၀၁၇ ရက်နေ့တွင် ရုံးချုပ် အစည်းအဝေးခန်းမ၌ (၀၉:၃၀) နာရီမှ (၁၇:၀၀) နာရီအချိန်အထိ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း ဦးဆောင်၍ ဂျပန်နိုင်ငံ၊ HORIBA Co.,Ltd မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။