01
Feb

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

  INDC ကို အခြေခံ၍ ရေးဆွဲပြုစုလျက်ရှိသည့် NDC တွင် ထည့်သွင်းဖော်ပြမည့် သစ်တောကဏ္ဍဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးအား (၁-၂-၂၀၁၇)  ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  ရုံးချုပ် အစည်းအဝေးခန်းမ၌ (၁၅:၃၀) နာရီမှ (၁၆:၃၀) နာရီအချိန်အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း  ဦးဆောင်၍ သစ်တောဦးစီးဌာန၊ အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိအရာထမ်းများနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။