29
Jun

မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်နွဲ့ရီ ဦးဆောင်သောအဖွဲ့သည် ၂၉-၆-၂၀၁၆ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့၊ အ.ထ.က(၁)၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၅၀၀) ဦးကို လည်းကောင်း၊ နေ့လည် (၁:၀၀) နာရီအချိန်တွင် အ.လ.က (၇) ၌ ဆရာ/ဆရာမ၊ ကျောင်းသား/ သူ (၂၅၀) ဦးကိုလည်းကောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်တင်နွဲ့ရီမှ အမှိုက်စနစ်တကျစွန့်ပစ်ရေး၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျော့ချရေး နည်းလမ်း (၅) သွယ် ဖြင့်ဆောင်ရွက်ရေး၊ မိမိပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ရေး၊ လက်ထောက်ဦးစီးမှူး ဦးသက်နိုင်မှ အင်္ဂလိပ်အက္ခရာ A to Z ပါဝင်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။

     ထိုနောက် ပတ်ဝန်းကျင်ဆိုင်ရာ ဗွီဒီယိုအားပြသပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။