13
May

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးလှုပ်ရှားမှုအနေဖြင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ ပညာပေးသင်တန်းများ၊ အသိ ပညာပေးအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်    United Nations Environmental Programme (UNEP) တို့ပူးပေါင်းပြီး ၁၃-၅-၂၀၁၆ ရက်နေ့တွင် ​မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖိုလေးလုံကျေးရွာ၌ အယ်လ်နီညိုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ခံအရာရှိ ဦးဝင်းကိုကို (လက်ထောက်ညွှန်ကြားရေးမှူး) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်မှ အယ်လ်နီညိုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာသိကောင်းစရာများ၊ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးမှ သစ်တော၊ သစ်ပင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများနှင့် (Spectrum Team) မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာသိကောင်းစရာများ စသည်ဖြင့် ဆွေးနွေးပြောကြားခြင်း၊ ဆွေးနွေးပွဲတက်ရောက် လာကြသူများအား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ အသိပညာပေး ကာတွန်းစာအုပ်များ ဖြန့်ဝေပေးခြင်း ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ ရပ်မိရပ်ဖများနှင့် ရွာသူရွာသားများ စုစုပေါင်း (၂၁၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။