18
Jan

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် စုပေါင်းအမှိုက်ကောက်ပွဲ (Plastic Campaign) ပြုလုပ်ခြင်း

ပြင်ဦးလွင်မြို့တော်ကို Clean City , Green City ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် ပြည်သူလူထုအကြားပတ်ဝန်းကျင်ချစ်မြတ်နိုးမှုမြင့်မားစေရန် ရည်ရွယ်ချက်များဖြင့် ၁၇-၁-၂၀၂၄ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ သစ်ထုတ်ရေးဒေသရုံး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ဝန်ထမ်းများ၊ Green Challenge Association မှ ဥက္ကဌနှင့် အသင်းသားများ စုစုပေါင်းအင်အား၇၀ ဖြင့် မြို့ရှောင်လမ်း ထင်းရှူးတောတဝိုက်ရှိ စွန့်ပစ်အမှိုက်များအား Plastic Campaign အသွင်ဖြင့် စုပေါင်း ကောက်ယူခဲ့ပြီး အမှိုက်သိမ်းယာဉ်များဖြင့်  သိမ်းဆည်းပေးခဲ့ပါသည်။ ထို့နောက် စနစ်တကျ အမှိုက် စွန့်ပစ်ရေး အသိပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲထားရှိခဲ့ကြပြီး Plastic Campaign အား နံနက် ၁၀:၃၀ တွင် ရပ်နားခဲ့ပါသည်။

PyinOoLwin (Press and Photo)