27
Jun

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ (၂၇-၆-၂၀၁၆) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်းထွန်းလင်းနှင့် တရုတ်နိုင်ငံ Yunnan Environmental Protection Department (YEPD) မှ ညွှန်ကြားရေးမှူးချုပ် Mr. He Bin ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Ruili မြို့တို့အကြား ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (Environmental Cooperation and Establish Cooperation Mechnism) တည်ဆောက်ရန်၊ ရှမ်းပြည်နယ်နှင့် ယူနန်ပြည်နယ်တို့အကြား ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ယန္တရားတည်ဆောက်မှုကိုဆွေးနွေးရန်၊ လာမည့်နှစ်တွင် အတူတကွဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းများအားဖော်ထုတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း  သတင်းရရှိပါသည်။