24
Oct

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

 သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်  Asia  Development  Bank (ADB)  တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှု မြှင့်တင်ခြင်းစီမံကိန်း (Environmental Safeguard Instituitional Strengthening Project) အရ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲရေးဆိုင်ရာသင်တန်း (Training on Environmental Management Planning in Environmental Impact Assessment) ကို (၂၄-၁၀-၂၀၁၆) ရက်နေ့မှ (၂၅-၁၀-၂၀၁၆) ရက်နေ့အထိ ရုံးချုပ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများမှအဖွဲ့ဝင်များ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ  စုစုပေါင်း (၅၃) ဦး  တက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။