16
Sep

မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

“၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား အား (၁၆-၉-၂၀၁၆) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ်မှ ဆရာ/မများနှင့် ကျောင်းသား/  ကျောင်းသူများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာအပါအဝင် စုစုပေါင်းအင်အား  (၇၀၀)ခန့် တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ   မြန်မာနိုင်ငံအနေဖြင့်ဆောင်ရွက်နေသည့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို Power Point ဖြင့် တင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ဧည့်သည်တော်များအား ရေသန့်ဗူးနှင့်ပေါင်မုန့်၊ လက်ကမ်းကြော်ငြာ(၂)စုံ၊ လက်ဆွဲအိတ်၊ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အမေးအဖြေစာအုပ်၊ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်စာအုပ် စသည်တို့ ဝေငှခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်း ဗီဒီယို ပြသခဲ့ပြီး အခမ်းအနားကို နံနက်  (၁၀:၀၀) တွင်ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။”