နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ

ပတ်ဝန်းကျင်ကာကွယ်ရေး ကဏ္ဍခွဲဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (EPSCG)၏တတိယအကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အောက် တွင် ဖွဲ့စည်း ထားရှိသည့် ပတ်ဝန်းကျင် ကာကွယ်ရေး ကဏ္ဍခွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ (Environment Protection Sub-sector Coordination Group) ၏ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ၁၈-၁၂-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၂:၃၀ နာရီထိ ရုံးအမှတ် (၅၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တွင် ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ ။အစည်းအဝေးသို့ သက်ဆိုင် ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ ပါသည်။

အစည်းအဝေးတွင် EPSCG ၌ပါဝင်သည့် ဌာနများမှ စီမံကိန်းအဆိုပြုလွှာများ ကို Costed Sector plan အနေဖြင့် တင်ပြရာတွင် (Development Assistance Coordination Unit-DACU) မှသတ်မှတ်ထားသည့် ( Development Assistance Policy-DAP) Guideline နှင့် အညီတင်ပြနိုင်ရေးအတွက် ဖြည့်စွက်ရမည့်ပုံစံ အချက်အလက်များကို ရှင်းလင်း တင်ပြခြင်း၊ တက်ရောက် လာသည့်ဌာနအဖွဲ့အစည်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများ မှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန