28
Jul

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့်လှုပ်ရှားမှု

“  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ တာဝန်ခံအရာရှိရုံးမှ  ဦးစီးအရာရှိ ဦးငွေဇင် ဦးဆောင်သောအဖွဲ့သည် ၂၈.၇.၂၀၁၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့နယ်၊ အလုံမြို့၊ အ.ထ.က(၁) ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၃၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နီလာဆွေပိုမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စသည့်ခေါင်းစဉ်ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း ”  သတင်းရရှိပါသည်။