05
Nov

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီနိုင်သည် ၅-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ မှော်စိန်ကျေးရွာအုပ်စု၊ ရွှေဥတုအောင်ကုမ္မဏီလီမိတက်၌ လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဝန်းသိုမြို့နယ်၊ မော်ခါးကျေးရွာအုပ်စု၊ ချစ်ခင်ပူးပေါင်းရေး ကုမ္မဏီလီမိတက်၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးရာဇာဝင်းသည် ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် ဗန်းမောက်မြို့နယ်၊ နမ့်မားကျေးရွာအုပ်စု၊ ရွှေအိုးစည်ကုမ္မဏီလီမိတက်၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးခင်မောင်ရင်သည် ၁၈-၁၁-၂၀၁၈ ရက်နေ့တွင် မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာအုပ်စု၊ ဂွေးတောက်ချောင်းဒေသ၊ ထွဋ်ခေါင်ကျော်ကုမ္မဏီလီမိတက်၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးစိုးနိုင်ဦးသည် ၂၀-၁၁-၂၀၁၈ ရက်နေ့တွင် ကောလင်းမြို့နယ်၊ မော်ခွင်ကျေးရွာအုပ်စု၊ အာကာမြင့်ကုမ္မဏီလီမိတက်၌လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်ဝေဆန်းသည် ၂၇-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အ.ထ.က(၃)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် စစ်ကိုင်းမြို့၊ အ.ထ.က(ရွှေမင်းဝံ)ကျောင်း၌လည်းကောင်း၊ ၂၉-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အ.ထ.က(ဆွမ်းချက်)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ အ.ထ.က(ညောင်ပင်ဝန်း)ကျောင်း၌လည်းကောင်း “လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ဓာတုပစ္စည်း၏ဆိုးကျိုးများအကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ခြင်း” စသည့် ခေါင်းစဉ် ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၁၉၇၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။