05
Feb

“နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းနှင့် လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာရေးကိရိယာ ကိုင်တွယ်ခြင်းသင်တန်း” ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပခြင်း

“နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းနှင့် လေထုအရည် အသွေး စောင့်ကြည့်တိုင်းတာရေးကိရိယာ ကိုင်တွယ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၅-၂-၂၀၂၄ ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သင်တန်းဖွင့်အမှာစကား ပြောကြားခြင်း၊ သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီးအခမ်းအနားကို နံနက် (၁၀:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။