18
Mar

အိုဇုန်းလွှာထိန်းသိမ်းခြင်းမှသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆီသို့ (Ozone 2 Clmate Art Contest ) အနုပညာပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် ပြိုင်ပွဲဝင်လက်ရာ များ ပေးပို့ယှဉ်ပြိုင်နိုင်သည့် ကာလအား ( ၁၄.၃.၂၀၂၂) ရက်နေ့မှ (၂၀.၃.၂၀၂၂) ရက်နေ့သို့ တိုးမြှင့်ကြောင်း ကြေညာခြင်း

အိုဇုန်းလွှာထိန်းသိမ်းခြင်းမှသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆီသို့ (Ozone 2 Clmate Art Contest ) အနုပညာပြိုင်ပွဲ- နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အနယ်နယ်အရပ်ရပ်မှ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲဝင်လက်ရာများ (Hard copy) ကိုပေးပို့ရာတွင် စာလမ်းကြောင်းခရီးမှာ ကြန့်ကြာနေခြင်း၊ ပြိုင်ပွဲဝင်ကိုယ်တိုင် ရေးဆွဲထားသည့် အနုပညာ လက်ရာအကြောင်း ဖော်ပြချက်ကို မြန်မာ/အဂလိပ်ဘာသာဖြင့် ရေးသားပေးပို့ရာ၌  ငယ်ရွယ် သည့် အငယ်တန်း ပြိုင်ပွဲဝင်များတွင် အခက်အခဲ ကြုံတွေ့နေရခြင်း၊ အလွတ်တန်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် တက္ကသိုလ်ကျောင်းသား/သူပြိုင်ပွဲဝင်များ၏ စာမေးပွဲအချိန်ဇယား            တို့ကြောင့် ပြိုင်ပွဲဝင်လက်ရာများအား ပေးပို့ယှဉ်ပြိုင်နိုင်သည့် ကာလအား တိုးမြှင့်ပေးနိုင်ပါရန် တောင်းဆိုချက်များအရ ပြိုင်ပွဲကာလအား ယခင်သက်တမ်းတိုးကာလ (၁၄-၃-၂၀၂၂) ရက်နေ့မှ (၂၀.၃.၂၀၂၂) ရက်နေ့သို့ တိုးမြှင့်လိုက်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။