23
Sep

ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေးလှုပ်ရှားမှု

   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုလဲ့မြင့် ဦးဆောင်သောအဖွဲ့သည် (၂၃-၉-၂၀၁၆) ရက်နေ့တွင် တောင်ကြီးမြို့ အ.ထ.က(၁၀)၌လည်းကောင်း၊ (၂၇-၉-၂၀၁၆) ရက်နေ့တွင် တောင်ကြီးမြို့ အ.ထ.က(ခွဲ) နမ့်ဆီးကျေးရွာ၌လည်းကောင်း၊ (၂၈-၉-၂၀၁၆) ရက်နေ့တွင် ညောင်ရွှေမြို့ နိုဝင်ဘာဟိုတယ်၌လည်းကောင်း၊ (၂၉-၉-၂၀၁၆) ရက်နေ့တွင် တောင်ကြီးမြို့ အ.ထ.က(၁၁)၌လည်းကောင်း အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူလူထုများ စုစုပေါင်း (၁၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး အိုဇုန်းလွှာနှင့် ရာသီဥတုကောင်းမွန်ဖို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်စို့၊ အဖြူရောင်ညစ်ညမ်းမှုများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ စသည့် ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။