21
Nov

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် အထူးလိုအပ်ချက်များကို စိစစ်သုံးသပ်ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာသင်တန်းကျင်းပခြင်း

 သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် Asia  Development  Bank (ADB)  တို့ ပူးပေါင်း၍  ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် အထူးလိုအပ်ချက်များကို  စိစစ်သုံးသပ်ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာသင်တန်း ( Review and Assessment of Special Environmental Impact Assessment Requirements) ကို (၂၁-၁၁-၂၀၁၆) ရက်နေ့မှ (၂၂-၁၁-၂၀၁၆) ရက်နေ့အထိ ရုံးချုပ် အစည်းအဝေးခန်းမ၌ နံနက် (၀၉:၀၀) နာရီမှ ညနေ (၁၆:၃၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပတ်ဝန်းကျင်ထိခိုက်မှု စိစစ်သုံးသပ်ရေးအဖွဲ့ဝင်များ  စုစုပေါင်း (၅၀) ဦးခန့်  တက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။