07
Apr

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉:၃၀ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ လုပ်ငန်းကော်မတီဝင် (၂၅) ဦးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက Inperson/ Online ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက  အမှာစကား ပြောကြားရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ် များသည် ဌာနအားလုံးနှင့်သက်ဆိုင်ပြီး ဌာနအလိုက်ဖြစ်စေ၊ ဌာနအချင်းချင်းပေါင်းစပ်၍ ဖြစ်စေ အကောင်အထည်ဖော်ရန်လိုအပ်သည့် cross-cutting issue များဖြစ်ပြီး multi-disciplinary collaboration အနေဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ပြီးဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာ တွေကိုအောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက်နှင့် ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်နိုင်မှုဟာ အဓိကကျသည့် အခြေခံအချက်ဖြစ်သောကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းချမှတ်မှု၊ လုပ်ငန်းဆောင်ရွက်မှု တွေမှာ ထည့်သွင်းပေါင်းစပ်ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများကို ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအနေနဲ့ ဆောင်ရွက်ဖို့ သတ်မှတ်ပေးထားသော လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည်နှင့် အမျှ နိုင်ငံတော်အနေဖြင့် တွေ့ကြုံနေရသည့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၊ ညစ်ညမ်းမှု များ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများစသည့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အထားဖြစ်စေသည့် ပတ်၀န်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို သိသိသာသာ လျော့နည်း ကျဆင်းသွားစေနိုင်မှာ ဖြစ်သလို နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို ဖော်ဆောင်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက် နိုင်ခြင်းအားဖြင့် “မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်နေကြသူအားလုံး ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်၀န်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းသွားနိုင်ရန်” ဟူသည့် မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ၏ မျှော်မှန်းချက်ကို ထိရောက်အောင်မြင်စေရေး အတွက် များစွာအထောက်အကူ ဖြစ်စေနိုင်ပါကြောင်းနှင့် တက်ရောက်လာကြသော အဖွဲ့ဝင် များမှလည်း လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက်လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေ လိုအကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက လုပ်ငန်းကော်မတီ၏ ဖွဲ့စည်းမှု၊ လုပ်ငန်း တာဝန်များနှင့်  ယခု လုပ်ငန်းကော်မတီတွင် ပေါင်းစည်းထားသည့် ယခင်လုပ်ငန်း ကော်မတီများ၏ ဆောင်ရွက်တိုးတက်မှုများနှင့် အစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အဆိုပြု ချက်များကို ရှင်းလင်တင်ပြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။

 

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab