01
Jul

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ မိုးရာသီစိုက်ပျိုးပွဲအခမ်းအနားကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား (၁-၇-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၄၅)နာရီ အချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သုံးထပ်ရုံးအဆောက်အဦသစ် ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ အပါအဝင် စုစုပေါင်း အရာထမ်း(၆၀)ဦးမှ ရေတမာ (၂၄)ပင်၊ ခရေ (၁၂)ပင်၊ ဆီသပြေ (၈)ပင်၊ စိန်ပန်းနီ (၇)ပင်၊ စိန်ပန်းပြာ (၅)ပင်၊ တရုတ်စကား (၄)ပင်၊ ပိတောက် (၃)ပင်နှင့် ငုပန်းပင် (၃)ပင်၊ စုစုပေါင်း အရိပ်ရပင်နှင့် အလှပန်းပင်(၆၆)ပင်အား စိုက်ပျိုးခဲ့ကြပြီး နံနက်(၀၉:၃၀)နာရီအချိန်တွင် အခမ်းအနားပြီးစီးခဲ့ပါသည်။