11
Dec

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၁-၁၂-၂၀၁၈ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်နွယ်နွယ်အေး၊ ဒုတိယဦးစီးမှူး ဒေါ်သီသီလွင်နှင့် တာဝန်ခံ(WCS) ဒေါ်ခင်ထွေးယဉ်တို့ သည် မြစ်ကြီးနားမြို့၊ အ.မ.က(၁၂)(ကျွန်းပင်သာ)ကျောင်း၌လည်းကောင်း၊ ၁၃-၁၂-၂၀၁၈ ရက်နေ့တွင် ဦးစီးအရာရှိ ဦးမျိုးသီဟနှင့် ဒုတိယဦးစီးမှူး ဒေါ်အိမွန်ခိုင်တို့သည် မိုးညှင်းမြို့၊ အ.မ.က(သာစည်) ကျောင်း၌လည်းကောင်း၊ ၁၄-၁၂-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် ဦးစီးအရာရှိ ဦးမျိုးသီဟနှင့် ဒုတိယဦးစီးမှူး ဒေါ်အိမွန်ခိုင်တို့သည် မိုးညှင်းမြို့၊ အ.လ.က(နားခါ)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အေးနှင့် တာဝန်ခံ(WCS) ဒေါ်ခင်ထွေးယဉ်တို့သည် မြစ်ကြီးနားမြို့ ၊ မူလွန်-ခလရ (၂၉) လယ်ကုန်းကျောင်း၌လည်းကောင်း၊ ၁၇-၁၂-၂၀၁၈ နံနက်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အေး နှင့် တာဝန်ခံ(WCS) ဒေါ်ခင်ထွေးယဉ်တို့သည် မြစ်ကြီးနားမြို့ ၊ အ.မ.က(၆) လယ်ကုန်းကျောင်း၌လည်းကောင်း၊ ညနေပိုင်းတွင် မြစ်ကြီးနားမြို့၊ အ.မ.က(၁၃) ရှမ်းရွာကျောင်း၌လည်းကောင်း၊ ၁၈-၁၂-၂၀၁၈ ရက်နေ့တွင် ဦးစီးအရာရှိ ဦးမျိုးသီဟနှင့် ဒုတိယဦးစီးမှူး ဒေါ်အိမွန်ခိုင်တို့သည် မိုးညှင်းမြို့ ၊ မူလွန်-နန့်ပုတ်ကျောင်း၌လည်းကောင်း၊ ၁၉-၁၂-၂၀၁၈ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဦးဇာနည်အောင်သည် ဗန်းမော်မြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး၌ လည်းကောင်း၊ ၂၆-၁၂-၂၀၁၈ ရက်နေ့နှင့် ၂၈-၁၂-၂၀၁၈ ရက်နေ့တို့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်သည် ဗန်းမော်မြို့နယ်၊ စင့်ကင်ကျေးရွာ၊ ဧရာရွှေကင်ခန်းမနှင့် နည်းပညာတက္ကသိုလ်တို့၌လည်းကောင်း၊ “ပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုသာယာဖို့ သစ်ပင်စိုက်ပျိုးပြုစုဖို့၊ WCS သမိုင်းကြောင်းနှင့် သားငှက်ထိန်းသိမ်းရေး၊ အခြေခံပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်၊ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်းများ၊ ယနေ့ကမ္ဘာနှင့် ရာသီဥတုပြောင်းလဲမှုများ၊ စနစ်တကျအမှိုက်စွန့်ပစ်ရေးနှင့် ကြွပ်ကြွပ်အိတ်ပြဿနာ၊ ရာသီဥတုဖောက်ပြန်ခြင်း၏ ဆိုးကျိုးများ” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချဆွေးနွေး ခဲ့ပြီး စုစုပေါင်း (၁၇၆၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”