07
Jun

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရုံးသစ် စစ်ဆေးခြင်း

ကယားပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးသည် ၇-၆-၂၀၁၆ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ပန်ကန်း ကျေးရွာအုပ်စု၊ စစ်တပ်တောင်ကွင်း၊ ကွင်းအမှတ် (၁၆၆) ရှိ ကယားပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရုံးသစ်သို့ လာရောက်စစ်ဆေးခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သောလုပ်ငန်းများ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ သစ်ပင်စိုက်ပျိုးထားရှိမှု အခြေအနေတို့ကို စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။