25
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် (၁၃:၀၀) နာရီအချိန်တွင် အရာထမ်း/အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/မူဝါဒ) ဦးသန်းအေး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်းများ၊ သင်တန်းသား/သူများနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။