27
Nov

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ  (၀၉:၀၀) နာရီမှ (၁၇:၀၀) နာရီအချိန်ထိ မြို့နယ်အဆင့် လုပ်ငန်းအစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရာသီဥတုပြောင်းလဲမှုအပေါ် ခံနိုင်ရည်စွမ်းအား မြှင့်တင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအေး ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  ရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်းများ၊  MCCA စီမံကိန်းမှ တာဝန်ရှိသူများနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။