06
Nov

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောဇာခြည်သည် ၆-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ အ.ထ.က(ကနက်သီရိ)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်သည် သရက်ချောင်းမြို့နယ်၊ အ.ထ.က(ကမြိုင်)ကျောင်း၌လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဦးသူရဇော်သည် ၉-၁၁-၂၀၁၈ ရက်နေ့တွင် နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ အ.ထ.က(ခွဲ)ကဒက်ကြီးကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးဝင်းသည် လောင်းလုံးမြို့နယ်၊ အ.ထ.က(အောက်ရေဖြူ)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးဝင်းသည် ၁၄-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်း မြို့နယ်၊ အ.ထ.က(သရက်ချောင်း)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင်  ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်သည် သရက်ချောင်းမြို့နယ်၊ အ.ထ.က(ခွဲ)ပိန်းတောကျောင်း၌လည်းကောင်း၊ လက်​ထောက်ဦးစီးမှူး ဦးကျော်ထွေးလှိုင်သည် ၁၉-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် အ.ထ.က (ကျွန်းစု)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လက်ထောက်ဦးစီးမှူး ဦးကျော်ထွေးလှိုင် သည် အ.ထ.က(ကတ္တလူ)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးနေသော်တာညီညီသည် ၂၆-၁၁-၂၀၁၈ရက်နေ့တွင် အ.ထ.က(ခွဲ)(မဇော)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လက်ထောက်ဦးစီးမှူး ဦးကျော်ထွေးလှိုင်သည် အ.ထ.က(ခွဲ)တောင်ရှည်ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်စောဇာခြည်သည် ၂၇-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ အ.ထ.က(ကမြောကင်း)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လက်ထောက်ဦးစီးမှူး ဦးသူရဇော်သည် လုံးလောင်းမြို့နယ်၊ အ.ထ.က(ခွဲ)မြို့ဟောင်းကျောင်း၌လည်းကောင်း၊ ညနေပိုင်းတွင် ဦးစီးအရာရှိ ဦးစည်သူအောင်သည် ထားဝယ်မြို့နယ်၊ သတ္တုတွင်းဦးစီးဌာန၌ လည်းကောင်း“ကမ္ဘာကြီးပူနွေးလာမှုနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ အမှိုက်၊ ကြွပ်ကြွပ်အိတ်စနစ်တကျ စွန့်ပစ်ရေးနှင့် သဘာဝပတ်ဝန်းကျင်၊ သစ်တောသယံဇာတ ထိန်းသိမ်ရေး၊ ပတ်ဝန်းကျင်အကြောင်းသိကောင်းစရာနှင့် ယင်း၌ဖြစ်ပေါ်နေသောပြဿနာများ၊ ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်အကြောင်း သိကောင်းစရာများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ယင်း၏အကျိုးဆက်များ၊ သတ္တုတူးဖော်မှုဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချခဲ့ပြီး စုစုပေါင်း (၄၅၀၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။