28
Nov

ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

.

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၈-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် ဦးစီးအရာရှိ ဒေါ်သဲသီရီထွန်း အင်းတကော်မြို၊ အ.ထ.က(အင်းတကော်) ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင်ဒုတိယဦးစီးမှူး ဒေါ်စန္ဒာလင်းသည် ပဲခူးမြို့၊ အ.လ.က(ခွဲ) (သာယာကုန်း) ကျောင်း၌လည်းကောင်း၊ ၂၉-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် ဦးစီးအရာရှိ ဒေါ်သဲသီရိထွန်းသည် ပဲခူးမြို့၊ အ.မ.က(လွန်) (စိုင်စီ) ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်အေးသက်မွန်မြင့်သည် ပဲခူးမြို့၊ အ.လ.က(ခွဲ)အိုးဘိုကျောင်း၌လည်းကောင်း၊ ၃၀-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် ဦးစီးအရာရှိ ဒေါ်သဲသီရိထွန်းသည် အင်းတကော်မြို့၊ အ.လ.က(ခွဲ)၊အင်းတကော်(စက်ပိုင်း) ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာလင်းသည် ပဲခူးမြို့၊ အ.လ.က(ခွဲ)ညောင်အင်းကျောင်း၌ လည်းကောင်း “အမှိုက်နှင့် ကြွပ်ကြွပ်အိတ်စနစ်တကျစွန့်ပစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်၊ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိကောင်းစရာများ” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၁၁၃၃) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။