18
May

မန္တလေးတိုင်းဒေသကြီး၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ  ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း ဦးဆောင်သော အဖွဲ့သည် ၂.၇.၂၀၁၄ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် အ.လ.က(၁) ၌ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၁၅၀) ဦးကိုလည်းကောင်း၊ ၃.၇.၂၀၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် အ.ထ.က(၉) ၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ သူများ (၁၇၆) ဦးကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ကမ္ဘာကြီးကို ကယ်တင်ကြပါစို့၊ ဒုတိယဦးစီးမှူး ဒေါ်ကြယ်စင်ထွန်းမှ ကြွပ်ကြွပ်အိတ်အန္တရာယ် စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြား ခဲ့ကြောင်း ”  သတင်းရရှိပါသည်။