28
Dec

ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဦး ဦးဆောင်သောအဖွဲ့သည် ၂၈-၁၂-၂၀၁၆ ရက်နေ့ တွင် တောင်လေးလုံးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးထွန်းထွန်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ၊ ဒုတိယဦးစီးမှူး ဒေါ်ဆုလဲ့မြင့်က ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများနှင့် ပိုးသတ်ဆေးကြွင်းအာနိသင် စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။