10
Jul

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ အစည်းအဝေးများသို့ တက်ရောက်ခဲ့ သော အတွေ့အကြုံဗဟုသုတများအား မျှဝေနိုင်ရေးအတွက် ကျင်းပပြုလုပ်သော ပြည်ပအတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို ရုံးချုပ် အစည်းအဝေးခန်းမ၌ ၂၆-၆-၂၀၁၇ ရက်နေ့ (၀၉:၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်ရီရီချိုမှ အင်ဒိုနီးရှားနိုင်ငံ၌ ၁၀-၄-၂၀၁၇ ရက်နေ့မှ ၁၁-၄-၂၀၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် Strategic Environmental Assessment and EIA in greater Mekong Subregion ဆိုင်ရာ အစည်းအဝေးမှရရှိသည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ ဌာနအားလုံးရှိ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ အရာထမ်း/အမှုထမ်း (၄၅) ဦး တက်ရောက်ခဲ့ကြပြီး (၁၀:၃၀) နာရီ အချိန်တွင် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။