13
Feb

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ အစည်းအဝေးများသို့ တက်ရောက်ခဲ့သော အတွေ့အကြုံဗဟုသုတများအား မျှဝေနိုင်ရေးအတွက် ကျင်းပပြုလုပ်သော ပြည်ပအတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို  ရုံးချုပ် အစည်းအဝေးခန်းမ၌ ၂၀-၂-၂၀၁၇ ရက်နေ့ (၀၉:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်အောင်မင်းမှ တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ ၂၄-၁၁-၂၀၁၆ ရက်နေ့မှ ၂၅-၁၁-၂၀၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်း နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မှရရှိသည့် အတွေ့အကြုံများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူဟန်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌  ၂၅-၅-၂၀၁၆ ရက်နေ့မှ ၂၇-၅-၂၀၁၆ ရက်နေ့အထိ တက်ရောက်ခဲ့သော မဲခေါင်မြစ်အောက်ပိုင်း အတတ်ပညာပိုင်း ခေါင်းဆောင်မှုဆိုင်ရာနှင့် ဆက်ဆံရေးကျွမ်းကျင်မှုဆိုင်ရာ ကနဦးဆွေးနွေးပွဲမှ ရရှိခဲ့သည့် အတွေ့အကြုံများကိုလည်ကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ ဌာနအားလုံးရှိ အရာထမ်း/အမှုထမ်းများမှ  သိရှိလိုသည်များကို  မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။

ရှင်းလင်းဆွေးနွေးပွဲသို့  အရာထမ်း/အမှုထမ်း (၇၄) ဦး တက်ရောက်ခဲ့ကြပြီး (၁၀:၄၀) နာရီ အချိန်တွင် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။