15
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် (၁၀:၀၀) နာရီမှ (၁၀:၃၀) နာရီအချိန်အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အရာထမ်း/အမှုထမ်းများ လုပ်ငန်းခွင်မွန်းမံသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။