28
Jul

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ အစည်းအဝေးများသို့ တက်ရောက်ခဲ့သော အတွေ့အကြုံဗဟုသုတများအား မျှဝေနိုင်ရေးအတွက် ကျင်းပပြုလုပ်သော ပြည်ပအတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို ရုံးချုပ် အစည်းအဝေးခန်းမ၌ ၁၀-၇-၂၀၁၇ ရက်နေ့ (၀၉:၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်ခင်နုနုစိုးမှ မလေးရှားနိုင်ငံ၌ ၂-၁၁-၂၀၁၆ ရက်နေ့မှ ၄-၁၁-၂၀၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် Experience on Star Sharp Synthesis Workshop မှရရှိသည့် အတွေ့အကြုံများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးသင်းသန့်ရွှေမှ တရုတ်နိုင်ငံ၌ ၂၇-၃-၂၀၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် Urban Water Management In Myanmar အစည်းအဝေးမှရရှိခဲ့သည့် အတွေ့အကြုံများကိုလည်ကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ ဌာနအားလုံးရှိ အရာထမ်း/ အမှုထမ်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ အရာထမ်း/အမှုထမ်း (၄၅) ဦး တက်ရောက်ခဲ့ကြပြီး (၁၁:၃၀) နာရီ အချိန်တွင် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။