22
Oct

ကချင်ပြည်နယ်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်သူလူထုသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ  အသိပညာနှင့် လမ်းညွှန်ချက်များအား သိရှိလာစေရန်အတွက် ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း) တို့ပူးပေါင်းပြီး ၂၂-၁၀-၂၀၁၆ ရက်နေ့တွင် ဖားကန့်မြို့၊ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရုံး၌ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ ရှင်းလင်းဆွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးမှ လမ်းညွှန်ချက်များကို ရှင်းလင်းတင်ပြပြီး ကုမ္ပဏီများမှ သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

    အဆိုပါအခမ်းအနားသို့ ကုမ္ပဏီများမှ တက်ရောက်လာသူ (၄၅) ဦးအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) စာအုပ်များ၊ CD ခွေများ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။