06
Nov

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်းမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ယုယုဖြိုးတို့သည် ၆-၁၁-၂၀၁၈ ရက်နေ့တွင် ရွှေပြည်သာ၊ အ.ထ.က (၂) နှင့် အ.ထ.က(၄)ကျောင်းတို့၌လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်းမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ကျော့ကေပိုင်တို့သည် ၈-၁၁-၂၀၁၈ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ အ.လ.က(၂)နှင့် အ.လ.က(၄) ကျောင်းတို့၌ လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ပပမင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြတ်ထက်ခိုင်တို့သည် ၉-၁၁-၂၀၁၈ ရက်နေ့တွင် သာကေတမြို့နယ်၊ အ.ထ.က(၄)နှင့် အ.လ.က(၅) ကျောင်းတို့၌လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဧကရီဖြူနှင့် ဒုတိယဦးစီးမှူး ဒေါ်မြတ်စုမွန်တို့သည် ၁၃-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ်၊ အ.ထ.ကကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်းမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်လှသဉ္ဇာဝင်းတို့သည် ထန်းတပင်မြို့နယ်၊ အ.ထ.က(ခွဲ)ကျိုက္ခနာကျောင်းနှင့် အ.ထ.က(ထန်းတပင်)ကျောင်းတို့၌လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနုနှင့် ဒုတိယဦးစီးမှူး ဦးစိုးသူမင်းတို့သည် ၁၄-၁၁-၂၀၁၈ ရက်နေ့တွင် သန်လျင်မြို့နယ်၊ အ.ထ.က (ကျောက်ရေတွင်း)ကျောင်း၌လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနုသည် ၁၅-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် ကျောက်တန်းမြို့နယ်၊ အ.ထ.က(ခွဲ)မီးပြကျောင်းနှင့် အ.ထ.က(ခွဲ)ပန်းတောကျောင်းတို့၌လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သက်ဝေနှင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်သူဇာလင်းတို့သည် ၁၆-၁၁-၂၀၁၈ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ်၊ အ.ထ.က.(၁)နှင့် အ.ထ.က(၄)ကျောင်းတို့၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးဉာဏ်လင်းအောင်နှင့် ဒုတိယဦးစီးမှူး ဦးချမ်းငြိမ်းထက်တို့သည် ၂၆-၁၁-၂၀၁၈ရက်နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်၊ အ.ထ.က(၃)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဦးစီးအရာရှိ ဦးဉာဏ်လင်းအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်မြတ်စုမွန်တို့သည် လှိုင်မြို့နယ်၊ အ.လ.က(၆)ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးဉာဏ်လင်းအောင်သည် ၂၇-၁၁-၂၀၁၈ရက် နေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ စက်မှုဇုန်၊ စီမံခန့်ခွဲရေးကော်မတီရုံးခန်း(ခန်းမ)၌ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာတင်သည် (၈-၁၁-၂၀၁၈၊ ၉-၁၁-၂၀၁၈၊ ၁၂-၁၁-၂၀၁၈၊ ၂၉-၁၁-၂၀၁၈) ရက်နေ့များတွင် ပြည်ထဲရေးဝန်ကြီးဌာန ရုံးဟောင်း(ရန်ကုန်)၌လည်းကောင်း၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ကြွပ်ကြွပ်အိတ်အကြောင်း သိကောင်းစရာများ၊ အိုဇုန်းလွှာအကြောင်းသိကောင်းစရာများ၊ ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာများ၊ ရေသယံဇာတ၊  ရေထုညစ်ညမ်းမှုနှင့် ရေဆိုးအန္တရယ်များအကြောင်းသိကောင်းစရာများ၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းများအကြောင်းသိကောင်းစရာများ၊ စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများနှင့်ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချ ဆွေးနွေးခဲ့ပြီး စုစုပေါင်း (၅၃၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။